Terms and Conditions

Terms and Conditions 

  1. လုပ်ငန်းအပ်နှံသူ (တစ်နည်းအားဖြင့်) ပစ္စည်းပေးပို့သူ (သို့) ပေးပို့ရန်စီစဉ်ညွှန်ကြားသူ (သို့) Customer သည် အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး မိမိပေးပို့သည့် (သို့) ပေးပို့ရန်ညွှန်ကြားထားသည့်ပစ္စည်းများနှင့် ပတ်သက်၍အပြည့်အဝတာဝန်ရှိပါသည်။

  2. လင်းယုန်၄ သည် ​ပေးပို့ရန်စ္စည်းများအား လုပ်ငန်းအပ်နှံသူ၏ကိုယ်စား ပေးပို့လိုသောနိုင်ငံ လိပ်စာသို့ မိတ်ဖက်ကုမ္ပဏီများဖြင့် စီစဉ်ချိတ်ဆက် ပို့ဆောင်ပေးသောလုပ်ငန်းလက်ခံသူ ဖြစ်ပါသည်။

  3. လင်းယုန်၄ အ​နေဖြင့်သက်ဆိုင်ရာနိုင်ငံအသီးသီး၏တည်ဆဲဥပ​ဒေများနှင့် နိုင်ငံတကာ ပြဌာန်းဥပ​ဒေများဖြင့် မလွတ်ကင်း​သော ပစ္စည်းများ၊ နိုင်ငံအသီးသီးသို့ပို့​ဆောင်ရန် တားမြစ်ပိတ်ပင်ထား​သောပစ္စည်းများ ၊ ပို့​ဆောင်ခွင့်မရှိ​သောကန့်သတ်ပစ္စည်းများ၊ ကွဲရှပျက်စီးလွယ်​သောပစ္စည်းများ ၊ အစားထိုးမရနိုင်သော (သို့) ခက်ခဲ​​သောပစ္စည်းများအား လုံးဝလက်မခံပါ ၊ တာဝန်မယူပါ။

  4. လိုအပ်ပါက လုံခြုံ​ရေးအရ ပစ္စည်းများအားတာဝန်ရှိသူမှဖွင့်​ဖောက်စစ်​ဆေးပါမည်။

  5. ပစ္စည်းများလာ​ရောက်အပ်နှံပြီးမထွက်ခွာမှီ လုပ်ငန်းအပ်နှံသူ Customer မှ Voucher ပါအချက် အလက်များမှန်ကန်မှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးပြီးအတည်ပြုလက်မှတ်ရေးထိုး ပေးရန်တာဝန်ရှိသည်။

  6. Voucher တွင်ရေးသားထားသည့် ပစ္စည်းအမျိုးအစားနှင့် ပါဆယ်ထုတ်အတွင်းပါဝင်သည့် ပစ္စည်းအမျိုးအစား၊ အချက်အလက် ကွဲလွဲနေလျှင် တာဝန်မယူပါ။ လင်းယုန် ၄ သို့အသိပေးခြင်းတစုံတရာမရှိဘဲ လုပ်ငန်းအပ်နှံသူ (သို့) ပစ္စည်းပေးပို့သူမှ မိမိသဘောဆန္ဒအလျှောက်တန်ဖိုးကြီး ၊ တားမြစ် ၊ တရားမဝင်ပစ္စည်းများအား လျှို့ဝှက်ထည့်သွင်းပို့ဆောင်ခြင်းများအတွက် လင်းယုန် ၄ မှလုံးဝ (လုံးဝ) တာဝန်မရှိသည့်အပြင် ၄င်းလုပ်ရပ်များ၏အကျိုးဆက်များ ၊ ထိခိုက်နစ်နာမှုများ ၊ တရားရေးရင်ဆိုင်ရမှုများ ၊ အပြစ်ဒဏ်ကျခံရမှုများသည် လုပ်ငန်းအပ်နှံသူ ပစ္စည်းပေးပို့သူ customer တွင်တာဝန်အပြည့်အဝရှိပါသည်။

  7. လင်းယုန်၄ ၏ဝန်ထမ်းများအမှား​ကြောင့် ​ပျောက်ဆုံး ၊ ပျက်စီးမှုများဖြစ်​ပေါ်လာပါကပို့​ဆောင်ခ၏ (၂) ဆ (သို့) ၄င်းဝန်​ဆောင်ခ  (၂) ဆ ​အောက်​လျှော့နည်း​သော ပစ္စည်းများအတွ က်ပစ္စည်းတန်ဖိုးအတိုင်း​​ ပေး​လျှော်သွားမည်ဖြစ်ပါသည်။ 

  8. တန်ဖိုးကြီးပစ္စည်းများ (ဥပမာ - ဖုန်း၊ Laptop) အစရှိသည်တို့အတွက် ဝယ်ယူစဉ်ကာလမှ မူလငွေပေးချေဖြတ်ပိုင်းပြကာ အာမခံ၍ပေးပို့ခြင်းများအတွက်သာ မူလပစ္စည်းတန်ဖိုးအတိုင်းပေးလျှော်ပါမည်။

  9. ပျောက်ဆုံး ၊ ပျက်စီးသွားသော ပစ္စည်းများအတွက်တိကျ၊ သေချာခိုင်မာသော သက်သေအထောက်အထား ၊ ဓာတ်ပုံ ၊ Video များမပြနိုင်သော claim များအတွက် လင်းယုန်၄ မှ ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။

  10. ပေးပို့ရန် လိပ်စာမပြည့်စုံခြင်း၊ ဖုန်းဆက်သွယ်၍ မရနိင်ခြင်း၊ ပစ္စည်းလက်ခံမည့်သူမရှိခြင်း၊ ပစ္စည်းလက်ခံမည့်သူဖက်မှ နိုင်ငံအလိုက်သတ်မှတ်ထားသည့် သတင်းအချက်အလက်၊ စာရွက်စာတမ်းနှင့်  အခြားလိုအပ်ချက်များ အချိန်မှီ​ပေးပို့​ဆောင်ရွက်ရန်ပျက်ကွက်ခြင်း ၊ လက်ခံရန်ငြင်းပယ်ခြင်း/အဆင်မပြေခြင်းများ ဖြစ်ပေါ်ပါက လုပ်ငန်းအပ်နှံသူ၏ တာဝန်သာဖြစ်သည်။

  11. ဥပ​ဒေဖြင့်မလွတ်ကင်း​သော မူးရစ်​ဆေးဝါးအစရှိသည့်အခြား​သောတရားမဝင်ပစ္စည်းများ ​တွေ့ရှိပါက ပေးပို့သူထံသို့  ပစ္စည်းများပြန်လည်ပေးအပ်ခြင်းပြုမည်မဟုတ်ပါ။ သက်ဆိုင်ရာ ရဲဌာန (သို့) အာဏာပိုင်များထံသာ ပို့ဆောင်ဖြေရှင်းမည် ဖြစ်ပါသည်။ ပေးပို့သူမှ သက်ဆိုင်ရာတွင်ကိုယ်တိုင်သွားရောက် ဖြေရှင်းရန် လိုအပ်ပါသည်။ ၎င်းကိစ္စရပ်များပေါ်ပေါက်လာပါက အလုပ်အပ်နှံသည့် ပေးပို့သူ ၏ တာဝန်သာဖြစ်ပါသည်။

  12. ရန်သူမျိုး ၅ ပါး​အန္တရာယ်၊ စစ်မက် ၊အကြမ်းဖက်လုပ်ရပ်၊ အဓိကရုဏ်းများနှင့် အခြား​သောကြိုတင်မ​မျော်မှန်းနိုင်​သော ကိစ္စရပ်များ​၊ သဘာဝ​ဘေးအန္တရာယ်ကိစ္စရပ်များ၊ သက်ဆိုင်ရာ အာဏာပိုင်များ နှင့်  Custom မှတာဝန်အရ​ ဆောင်ရွက်ခြင်းများ​​ကြောင့် ဖြစ်​ပေါ်လာသည့် ပျက်စီးဆုံးရှုံးနစ်နာကြံ့ကြာမှုများအ​ပေါ် လုပ်ငန်းလက်ခံသူ လင်းယုန်၄ တွင်တာဝန်မရှိပါ။

  13. လုပ်ငန်းအပ်နှံသူမှ ပို့​ဆောင်မည့်ပစ္စည်းများအားလုံခြုံစွာထုပ်ပိုးရန်နှင့် ကွဲရှ ကျိုးပဲ့ ပျက်စီးလွယ်​သောပစ္စည်းများ၊ ပြင်ပအပူဒဏ်မခံနိုင်​သောပစ္စည်းများအား သီးခြားထုပ်ပိုး အမှတ်အသားတပ် အသိ​ပေးရန်လိုအပ်ပြီး ထုပ်ပိုးမှုလိုအပ်ချက်များ အသိ​ပေးချက်မပါ​သောပစ္စည်းများပျက်စီးဆုံးရှုံးခြင်းများအတွက် လုပ်ငန်းလက်ခံသူတွင် တာဝန်မရှိပါ။

  14. အတွင်းပိုင်း packaging နှင့် ထုပ်ပိုးမှုလုံခြုံစိတ်ချမှုအပိုင်းအားလုံးသည် လုပ်ငန်းအပ်နှံသူ/Customer ၏တာဝန်သာဖြစ်ပြီး လင်းယုန်၄ ၏တာဝန်ယူမှုတာဝန်ခံမှုအောက်တွင်မရှိသော Outer Packaging ကတ္ထူစက္ကူပုံး ကွဲ/ပွင့်ထွက်ခြင်းမဟုတ်သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် လင်းယုန်၄ မှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ ထို့အတူ ထုပ်ပိုးမှုလိုအပ်ချက်များ ၊ ဆီ/အနံ့ယိုစိမ့်မှုများကြောင့် သက်ဆိုင်ရာ အာဏာပိုင်များမှ တစ်စိတ်တစ်ဒေသဖြစ်စေ ပုံးတစ်ခုလုံးဖြစ်စေ ဖြတ်စီးလွှတ်ပြစ်မှုများ၊ ဒဏ်ရိုက်ခြင်းများအတွက် လင်းယုန် ၄ မှတာဝန်မယူပါ။

(မိမိတို့ ဖက်မှအခါအားလျှော်စွာထုပ်ပိုးကူညီမှုများသည် မေတ္တာဖြင့်ကူညီခြင်းသက်သက်မျှသာဖြစ်ပြီး လုပ်ငန်းတာဝန်၏ အစိတ်အပိုင်းတစ်ခုမဟုတ်ပါသဖြင့် လင်းယုန်၄ မှ ၄င်းအပေါ်တွင်တာဝန်မယူပါ)

  1. သက်ဆိုင်ရာနိုင်ငံများ၏အာဏာပိုင်များ အကောက်ခွန်များမှအခွန်ကောက်ခံခြင်း ၊ ပစ္စည်း return ပြန်ခြင်းများအတွက် ထပ်မံကုန်ကျစရိတ်များရှိပါက ပေးပို့သောလုပ်ငန်းအပ်နှံသူ၊ Customer တွင်တာဝန်ရှိပါသည်။

  2. လုပ်ငန်းအပ်နှံသူအ​နေဖြင့် လုပ်ငန်းအပ်နှံပြီးသည်နှင့် ပို့​ဆောင်ရမည့်လိပ်စာ​ပြောင်းလဲခြင်း ၊ cancel ခြင်း ၊  refund ​လုပ်ခြင်းများပြုလုပ်ခွင့်မရှိပါ။

ပေးပို့သူ (သို့) လုပ်ငန်းအပ်နှံသူအနေဖြင့် ပစ္စည်းလက်ခံသည့်ဖက်မှ ပေးပို့ထားသော ပစ္စည်းများအား သတ်မှတ်ရက်အတွင်း အကြောင်းပြန် ၊ ပစ္စည်းလက်ခံ (သို့) လာရောက်ရွေးယူနိုင်ရေးများအားလိုအပ်သလိုညွှန်ကြားဆောင်ရွက်ရန်တာဝန်ရှိပြီး ၎င်းနှင့်ပက်သတ်၍ပျက်ကွက်မှုတစ်စုံတစ်ရာကြောင့် ဆုံးရှုံးနစ်နာမှုများရှိပါကလင်းယုန် ၄ တွင်တာဝန်မရှိပါ။

ပစ္စည်းအပ်နှံသည်နှင့်တပြိုင်နက်လုပ်ငန်းအပ်နှံသူမှ လင်းယုန်၄ ၏စည်းမျဥ်းစည်းကမ်းချက်များအား သ​ဘောတူညီပြီးဖြစ်သည်ဟု ယူဆပါသည်။ စည်းမျဥ်းစည်းကမ်းအ​သေးစိတ်အား linnyone4.com (websitemobile app) များတွင်အချိန်နှင့်တ​ပြေးညီ ဖတ်ရှုနိုင်ပါသည်။



နိုင်ငံအသီးသီးသို့ ပို့ဆောင်ရန် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများနှင့် ပို့ဆောင်ခွင့်မရှိသော ကန့်သတ်ပစ္စည်းများ

  1. တိရစ္ဆာန်၊ အင်းဆက်၊သက်ရှိ နှင့် အကောင်မပေါက်သေးသော ဥများ၊ မျိုးစေ့၊ မျိုးစိတ်များ

  2. ရွှေ၊ရွှေထည် နှင့် ပတ်သက်ဆက်စပ်သော ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ ငွေပစ္စည်းများ

  3. အန္တရာယ်ရှိသော ပစ္စည်းများနှင့် အန္တရာယ်ပေးနိုင်သော/မီးလောင်လွယ်သော ပစ္စည်းများ

  4. ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးများ

  5. သေနတ်၊လက်နက်၊ခဲယမ်းမီးကျောက်၊ကျည်ဆံ၊ဓားများ နှင့် ပေါက်ကွဲနိုင်သောပစ္စည်းများ

  6. လူခန္ဓာကိုယ်၏ ရုပ်ကလာပ်နှင့် အကြွင်းအကျန် အစအနများ (အရိုးအပြာ အပါအဝင်)အစားထိုး၍မရနိုင်သောအရာများ

  7. ငွေစက္ကူအတု၊ငွေကြေးငွေသားနှင့် လဲလှယ်နိုင်သော ကိရိယာ တန်ဆာပလာ၊လက်နက်များ

  8. ညစ်ညမ်းစာပေများ၊ခွေများ၊အရက်နှင့်အယ်ကိုဟော ပါဝင်သောအရည်များ

  9. တိရစ္တာန်ဖြင့်ပြုလုပ်ထားသောပစ္စည်းများ၊အပင်များဖြင့် ပြုလုပ်ထားသောပစ္စည်းများ၊သစ်တောထွက် ပစ္စည်းများ

  10. ရှေးဟောင်းပစ္စည်းများ၊ပန်းချီ၊ပန်းပု အစရှိသည့် အနုပညာလက်မှုပစ္စည်းများ

  11. သားမွေး၊သိုးမွေး၊ဆင်စွယ်၊တိရစ္ဆာန်မှ ရရှိသည့် ပစ္စည်းများ ပျက်စီးလွယ်သော အစားအစာများ/ပစ္စည်းများ/နို့မှုန့်များ

  12. စိန်လွန်၊မှန်ဖြတ်စိန်၊ကျောက်မျက်ရတနာများ၊တန်ဖိုးကြီး တွင်းထွက်ပစ္စည်းများ၊စာအုပ်/စာနယ်မဂ္ဂဇင်းများ

  13. မြေဆီလွှာ၊မြေကြီး၊ဆေးရွက်ကြီး၊ဆေးလိပ် နှင့်ဆက်စပ်ပစ္စည်းများ

  14. ကြက်သား၊ ခြေလေးချောင်းသားအစိုအခြောက်များ

  15. Battery ပါဝင်သော ပစ္စည်းများ၊ English ဆေးများ၊ Branded အတုပစ္စည်းများ၊ Fancy လက်ဝတ်ရတနာများ

  16. သက်ဆိုင်ရာနိုင်ငံအသီးသီး၏ တည်ဆဲဥပဒေနှင့် မလွတ်ကင်းသောပစ္စည်းများနှင့် စာရွက်စာတမ်းများ

  17. ထိခိုက် ၊ ကွဲရှ ၊ ပျက်စီးလွယ်​သော ပစ္စည်းများ

  18. FDA ​ထောက်ခံချက်မရရှိထား​​သော လူသုံးကုန်ပစ္စည်းများ