Track Cargo Box တွင် ပြေစာစာရွက်မှ Way Bill နံပါတ်ကို ရိုက်ထည့်ပြီး သိနိုင်ပါသည်။

ပြည်တွင်းပို့တာမျိုးမဟုတ်ပဲ နိုင်ငံခြားကို တာဝန်ယူမှုအပြည့်နဲ့ပို့ပေးတဲ့ service ဖြစ်တာရယ် ၊ မိမိပို့လိုက်တဲ့ ပစ္စည်းရဲ့လုံခြုံရေးနဲ့ အလျှော်အစားအတွက် လိုအပ်လျှင်စကားပြောရမှာဖြစ်တာ ကြောင့်ရယ် ၊ ကမ္ဘာ့ နိုင်ငံအသီးသီးက delivery  ကုမ္ပဏီ တွေနဲ့ ချုပ်ဆိုထားသည့်သဘောတူချက်များ၏အခြေခံလိုအပ်ချက်များကြောင့်မှတ်ပုံတင်ရိုက်ယူရခြင်းဖြစ်ပါသည်။

ရန်ကုန်{enter}1.  အမှတ် ၃၉၁ ၊ ဝေဇယန္တာလမ်း ၊ သဃ်န်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့။ {enter}{enter}2. Aung Delivery - အမှတ် (၆၀၅) ခ၊ ၈ ရပ်ကွက်၊ ဦးအောင်မြတ် ပန်းခြံ၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်{enter}{enter}3. Kyal Nan Taw - အမှတ် 276, သမာဒီဌိဖြတ်လမ်း ၊ ဌေးကြွယ် (က) ရပ်ကွက် ၊ တာ မွေမြို့နယ် ၊ ရန်ကုန်မြို့။{enter}{enter}4. Kyal Nan Taw - ဆ/7 ပန်းတနော်လမ်း ၊ ဒဂုံဧရာအဝေးပြေး ၊ လှိုင်သာယာ ၊ ရန်ကုန်မြို့။{enter}{enter}5. အောင်မြင်သူ ခရီးသွားလက်မှတ်နှင့် ကုန်စည်ပိုဆောင်ရေးလုပ်ငန့်း - အမှတ် (၁၀) ဧရာဝဏ် လမ်းမကြီး (၈)ရပ်ကွက် သာကေတ အဝိုင်းထိပ် မှတ်တိုင်ရှေ့ ၊ ရွှေအုတ်ဂူ ဘုရားဘေး ၊ သာကေတမြို့နယ် ၊ ရန်ကုန်မြို့။{enter}{enter}6. Famous ဗဟိုလမ်း - အမှတ် (၁၃၂) ၊ ခိုင် ရွှေဝါဗဟိုလမ်း ၊ BRB မှတ်တိုင် ၊ ၃ ရက်ကွက် ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။{enter}{enter}7. Famous မင်းဓမ္မ - Building A3 ၊ ရွှေကမ္ဘာအိမ်ယာ ၊ မင်းဓမ္မလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။{enter}{enter}8. Cherry Han - No.1203, GF, Myin Taw Tar Road, Thaketa Township, Yangon.{enter}{enter}9. Shine Travel - No. 58 Ground floor, Thama Deikhti Street,Tarmwe Township, Yangon.{enter}{enter}10. Thit Sann - အမှတိ (၂၁)၊ အင်းစိန်လမ်းမ ၊ (၉) ရပ်ကွက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့။{enter}{enter}{enter}မန္တ လေး{enter}1. Akarit - ၁ဇ-၄၁၄(က)၊ ရွှေဟသင်္ာခြံ၊ ၂၂(ဘီ) လမ်း၊ ၆၀×၆၁ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။{enter}{enter}2. ငုဝါ ၆ - လမ်း ၃၀ ၊ ၇၃ × ၇၄ ကြား ၊ မန္တ လေးမြို့။{enter}{enter}3. ငုဝါ ၇ - ၁၉ လမ်း ၊ ၆၄ × ၆၅ ကြား ၊ မန္တ လေးမြို့။{enter}{enter}4. ကို ဌေး - ၃၂ လမ်း ၊ ၈၂ × ၈၃ ကြား ၊ ၈၂ လမ်း ထောင့် ၊ မန္တ လေးမြို့။{enter}{enter}{enter}မြင်းခြံ{enter}Famous မြင်းခြံ - အမှတ် (K6) ၊ (၁၃) ရပ်ကွက် ၊ ကားကြီးကွင်းအတွင်း ၊ မြင်းခြံမြို့။{enter}{enter}မုံရွာ{enter}ရွှေခရီးသည် - အမှတ် (B-19) ၊ အားကာတိုက်တန်း ၊ ဗိုလ်ချုပ်လမ်း ၊ မုံရွာမြို့။{enter}{enter}မြင်းမူ{enter}အ သောက ရပ်ကွက် ၊ ရွှေစင်ကားဂိတ် ၊ မြင်းမူမြို့။{enter}{enter}ပုသိမ် {enter}အမှတ် 9 မင်းကြီးလမ်း(အကြော်တန်း) ပုသိမ် {enter}{enter}တောင်ကြီး{enter}Famous တောင်ကြီး - ပြည်ထောင်စုလမ်းမကြီးဘေး၊ ဆရာဝန်ကြီးများအသင်းမျက်နှာချင်းဆိုင်၊ သစ်တောဂိတ်ဝင်ပေါက်ထည့်တည့်၊ တောင်ကြီးမြို့။

တစ်ဖက်နိုင်ငံရဲ့ ပို့ဆောင်လိုသောနေရာရောက်သည် အထိ အဆင့်ဆင့်နိုင်ငံဖြတ်ကျော်ပို့ဆောင်ပေးရတာမို့ ပေးပို့သောပစ္စည်းလုံခြုံရေးနှင့် ကုမ္ပဏီ policy အရ လင်းယုန် ၄ ၏ကိုယ်ပိုင်စက္ကူပုံးများသာအသုံးပြု၍ ပို့ဆောင်ပေးပါသည်။

စုစုပေါင်းအလေးချိန် 5kg နှင့် 5kg အောက်များအတွက် စက္ကူပုံးခွံကျသင့်ငွေအား customer မှပေးဆောင်ရမည်ဖြစ်သည်။စုစုပေါင်းအလေးချိန် 6kg မှရ၍စက္ကူပုံးဖိုးအား လင်းယုန် ၄ ဆိုင် (သို့) ကိုယ်စားလှယ်ဆိုင်ခွဲမှကျခံ​ပေးသွားမှာဖြစ်ပါတယ်။

လင်းယုန်၄ မှ သတ်မှတ်ထားသော standard size စက္ကူပုံးများဖြင့်သာလက်ခံသည်။ (စက္ကူပုံး များအား သက်ဆိုင်ရာမြို့နယ်ရှိ လင်းယုန်၄ agent ရုံးများတွင်လည်းကောင်း၊ လင်းယုန်၄ ဌာနချုပ်တွင် လည်းကောင်း၊ လင်းယုန်၄ မှ ပစ္စည်း pick upလုပ်ပီး လင်းယုန်၄ရုံးတွင် ပြန်စီစစ်ချိန်တွင် ပုံးပြောင်းပေးခြင်းဖြင့်လည်းကောင်း လင်းယုန် ၄ ပစ္စည်းပုံးများကို ဝယ်ယူနိုင်သည်)

 မိမိနေထိုင်သော မြို့တွင် အိမ်တိုင်ရာရောက် ပစ္စည်းကောက်ခံပေးသည့် ဝန်ဆောင်မှု မရှိပါက ထိုမြို့နယ်ရှိ နီးစပ်ရာ လင်းယုန်၄ agent တခုခုကို ရွေးချယ်၍ သွားရောက်ပို့ဆောင်နိုင်ပါသည်။အကယ်၍ မိမိနေထိုင်သောမြို့တွင် ဆိုင်ခွဲ (လင်းယုန်၄ agent) မရှိပါက နီးစပ်ရာကားဂိတ်မှတဆင့် ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ အကြောင်းကြား၍ တင်ပေးနိုင်ပါသည်။{enter}

နယ် ဝေးကားဂိတ်ချနဲ့ပို့ရင် တန်ဆာခကို customer က ပေးရမှာပါ။{enter} 

ငွေပေးချေပီး order လက်ခံရရှိသည့်ရက်မှစ၍ ၁ရက် မှ ၃ရက်ထိကြာမြင့်တတ်သည်၊နယ်ဝေးဖြစ်ပါက နယ်ဝေးမှ အောင်မင်္ဂလာကားဂိတ်သို့ရောက်သည့်ရက်မှ ၁ရက်-၃ရက်အတွင်းကြာတတ်သည်။ 

 ကုန်ပွဆိုသည်မှာ အလေးချိန်အားဖြင့်မလေးသော်လည်း ဝန်ကျယ် Size နေရာယူသောကုန်များ ကိုခေါ်သည်၊(ဥပမာ အဝတ်ထည်၊ ပလပ်စတစ်ဘူး စသည်)။ကုန်ပို့ဆောင်ရာတွင် weightမရှိသော်လည်း size နေရာယူသောကြောင့် တခြားပစ္စည်းပေါင်း၍သယ်ယူသောအခါ နေရာမရှိပဲ ထိုပစ္စည်းအတွက်သာ သီးသန့်နေရာပေးလိုက်ရသည့်အတွက် ပိုကောက်ခံခြင်းဖြစ်သည်။

 ပို့ ဆောင်မည့်ပစ္စည်းများအား ဆီ/အရည်/အနံ့ ယိုစိမ့်မှု ကွဲရှမှုမရှိစေရန်လုံခြုံစွာထုပ်ပိုးခြင်းနှင့် ကွဲရှ ကျိုးပဲ့ ပျက်စီးလွယ် သောပစ္စည်းများ၊ ပြင်ပအပူဒဏ်မခံနိုင် သောပစ္စည်းများအား သီးခြားထုပ်ပိုး အမှတ်အသားတပ် အသိ ပေးခြင်းများပြုလုပ်ရန်လိုအပ်ပြီး ကတ္ထူပုံးခွံ နှင့် အခြားပါကင်ပိတ် tape + ပလက်စတစ်အိပ်ခွံများအတွက်ပါထည်သွင်းအလေးချိန်ပေးရန်လိုအပ်ပါသည်။

ပေးပို့သူ၏ ပစ္စည်း kg weight ၊ ပစ္စည်းထည့်သော ကတ္ထူပုံး weight ၊ အခြားပါကင်ပိတ် tape ၊ ပစ္စည်းများ လုံခြုံ သပ်ရပ် စနစ်ကျရန် ထုပ်ပိုးခြင်းများအတွက် kg weight များပါဝင်သည်၊ကုန်ပွပစ္စည်းဖြစ်ပါက နေရာယူထားသော Size အရွယ်စားပေါ်မူတည်၍ ထု kg ယူသည်။

Passport နှင့် ဥပဒေဆိုင်ရာ မလွတ်ကင်းသော စာရွက်စာတမ်းများ ပို့မရပါ၊

တားဆေး၊မူးယစ်ဆေး၊အိပ်ဆေး၊ဟော်မုန်းအားတိုးဆေး၊ဥပဒေနှင့်မလွတ်ကင်းသော ဆေးဝါးများ ပို့မရပါ၊

နိုင်ငံအသီးသီးသို့ ပို့ဆောင်ရန် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများနှင့် ပို့ဆောင်ခွင့်မရှိသော ကန့်သတ်ပစ္စည်းများ-{enter}1. တိရစ္ဆာန်၊ အင်းဆက်၊သက်ရှိ နှင့် အကောင်မပေါက်သေးသော ဥများ၊ မျိုးစေ့၊ မျိုးစိတ်များ{enter}2. ရွှေ၊ရွှေထည် နှင့် ပတ်သက်ဆက်စပ်သော ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ ငွေပစ္စည်းများ{enter}3. အန္တရာယ်ရှိသော ပစ္စည်းများနှင့် အန္တရာယ်ပေးနိုင်သော/မီးလောင်လွယ်သော ပစ္စည်းများ{enter}4. ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးများ{enter}5. သေနတ်၊လက်နက်၊ခဲယမ်းမီးကျောက်၊ကျည်ဆံ၊ဓားများ နှင့် ပေါက်ကွဲနိုင်သောပစ္စည်းများ{enter}6. လူခန္ဓာကိုယ်၏ ရုပ်ကလာပ်နှင့် အကြွင်းအကျန် အစအနများ (အရိုးပြာ အပါအဝင်)အစားထိုး၍မရနိုင်သောအရာများ{enter}7. ငွေစက္ကူအတု၊ငွေကြေးငွေသားနှင့် လဲလှယ်နိုင်သော ကိရိယာ တန်ဆာပလာ၊လက်နက်များ{enter}8. ညစ်ညမ်းစာပေများ၊ခွေများ၊အရက်နှင့်အယ်ကိုဟော ပါဝင်သောအရည်များ{enter}9. တိရစ္တာန်ဖြင့်ပြုလုပ်ထားသောပစ္စည်းများ၊အပင်များဖြင့် ပြုလုပ်ထားသောပစ္စည်းများ၊သစ်တောထွက် ပစ္စည်းများ{enter}10. ရှေးဟောင်းပစ္စည်းများ၊ပန်းချီ၊ပန်းပု အစရှိသည့် အနုပညာလက်မှုပစ္စည်းများ{enter}11. သားမွေး၊သိုးမွေး၊ဆင်စွယ်၊တိရစ္ဆာန်မှ ရရှိသည့် ပစ္စည်းများ ပျက်စီးလွယ်သော အစားအစာများ/ပစ္စည်းများ/နို့မှုန့်များ{enter}12. စိန်လွန်၊မှန်ဖြတ်စိန်၊ကျောက်မျက်ရတနာများ၊တန်ဖိုးကြီး တွင်းထွက်ပစ္စည်းများ၊စာအုပ်/စာနယ်မဂ္ဂဇင်းများ{enter}13. မြေဆီလွှာ၊မြေကြီး၊ဆေးရွက်ကြီး၊ဆေးလိပ် နှင့်ဆက်စပ်ပစ္စည်းများ{enter}14. ကြက်သား၊ ခြေလေးချောင်းသားအစိုအခြောက်များ{enter}15. Battery ပါဝင်သော ပစ္စည်းများ၊ English ဆေးများ၊ Branded အတုပစ္စည်းများ၊ Fancy လက်ဝတ်ရတနာများ{enter}16. သက်ဆိုင်ရာနိုင်ငံအသီးသီး၏ တည်ဆဲဥပဒေနှင့် မလွတ်ကင်းသောပစ္စည်းများနှင့် စာရွက်စာတမ်းများ{enter}17. ထိခိုက် ၊ ကွဲရှ ၊ ပျက်စီးလွယ် သော ပစ္စည်းများ{enter}18. FDA ထောက်ခံချက်မရရှိထား သော လူသုံးကုန်ပစ္စည်းများ{enter}(မှတ်ချက်။     ။အချိန်အားလျော်စွာ နိုင်ငံအလိုက် အကောက်အခွန်မူဝါဒအပြောင်းအလဲပေါ် မူတည်၍အပြောင်းအလဲ ရှိနိုင်ပါသည်။)

စီစစ်ကုန်များဖြစ်သည့် ဆေးဝါး ၊ အသား ၊ လျှပ်စစ်ပစ္စည်းများ၊ဖုန်း၊ LAPTOP ၊ ကွန်ပျူတာ၊တန်ဖိုးကြီးပစ္စည်းများ ၊ fancy လက်ဝတ်ရတနာများအစရှိသည်တို့အတွက် သီးသန့်စျေးနှုန်းဖြင့် အပိုကောက်ခံမှုများရှိနိုင်ပါသည်။{enter}(တကိုယ်ရည်တကာရ အသုံးပြုမှုများအတွက်သာဖြစ်ပြီး အချိန်အားလျော်စွာ နိုင်ငံအလိုက် အကောက်အခွန်မူဝါဒအပြောင်းအလဲပေါ်မူတည်၍အပြောင်းအလဲရှိနိုင်ပါသည်။

USD 500 အောက် နေ့စဥ်သုံး လူသုံးကုန်ပစ္စည်းများကိုသာလက်ခံပါသည်။

လောလောဆယ်တော့ ပစ္စည်းတွေကို လက်ခံသူ (Receiver) ထံသို့အိမ်တိုင်ရာရောက်ပဲ ပို့ပေးပါသေးတယ်။ နောက်ပိုင်းမှာတော့ collection point မှာရွေးလို့ရအောင် ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံမှ ပို့ဆောင်ရန်ရည်ရွယ်ထားသော နိုင်ငံသို့ ပစ္စည်းစတင်ပို့ဆောင်ရန်ထွက်ခွာသောရက်မှ {enter}- Direct Flight ဖြင့်ပို့ဆောင်လျှင် ၄ရက် မှ ၇ရက် ကြာမြင့်ပါသည်။{enter}- Transit ဖြင့် ပို့ဆောင်လျှင် ၇ရက် မှ ၁၄ ရက် ကြာမြင့်ပါသည်။{enter}{enter}(မှတ်ချက်။     ။{enter}- မြန်မာနိုင်ငံမှ ပစ္စည်းစတင်ပို့ဆောင်ရန်ထွက်ခွါသောရက်မှာ “Track cargo” တွင် “Delivering” ပြသော ရက်ကို ကြည့်ခြင်းဖြင့်သိနိုင်ပါသည်။{enter}- မမျှော်လင့်ထားသော သဘာဝအခြေနေ၊ ပစ္စည်းများ off load ဖြစ်ခြင်း၊အကောက်ခွန်ရုံးမှ စစ်ဆေးခြင်း၊ ပစ္စည်းများ Quarantine ဝင်ရခြင်း၊ နိုင်ငံတကာသတ်မှတ်ထားသောပိတ်ရက်များ နှင့်ပွဲတော်ရက်များ ရှိခဲ့လျင် ကြန့်ကြာမှုများပိုရှိတတ်သည်။)

KBZpay (Kpay): Thura Zaw 09250791618 {enter}AYA Pay: Thura Zaw 09250791618 {enter}CB Pay: Thura Zaw 09250791618 {enter}KBZ Bank: Thura Zaw 3293 0100 7019 58401 {enter}AYA Bank: Thura Zaw 2000 2569 819 {enter}CB Bank: Thura Zaw 0111 6005 0002 1334{enter}*လင်းယုန်​ ၄ အ​နေဖြင့်အထက်ပါ​ဖော်ပြထား​သော ​online ငွေ​ပေး​ချေမှုပုံစံများမှအပ အခြားအ​ကောင့်များမှ​ငွေလက်ခံခြင်း (လုံးဝ) မရှိပါ။ ​ခွင့်မပြုပါ။{enter}*Viber နံပါတ် 09895711201 သို့ ​ငွေလွှဲ​ပြေစာ​ Screenshot ပေးပို့ပြီး လင်းယုန် ၄ မှသက်ဆိုင်ရာစာရင်းကိုင်မှ စာရင်းတိုက်ဆိုင်စစ်​ဆေးပြီးမှသာ ​ငွေလွှဲခြင်းလုပ်ငန်းစဥ် ပြီး​မြောက်မည်ဖြစ်သည်။{enter}*Agent များအနေဖြင့်ငွေလွှဲအားလုံးအတွက် မှတ်ချက်တွင် "မိမိလုပ်ငန်းအမည် (သို့) ပစ္စည်းလက်ခံအမည် (သို့) Waybill နံပါတ်" အစရှိသည်တို့မဖြစ်မ​နေ ထည့်သွင်း​ပေးရန်လိုအပ်ပါသည်။ {enter}အ​သေးစိတ်သိလိုသည်များရှိပါက phone: 09895711201, 09895711219 သို့ရုံးချိန်အတွင်းဖြစ်​စေ ၊ email: [email protected] သို့ဖြစ်​စေဆက်သွယ်​စုံစမ်း​မေးမြန်းနိုင်ပါသည်။ Please visit at www.linnyone4.com for more.

လင်းယုန် ၄ မှာ အဆင်မပြေမှုများကိုကိုင်ပေးတဲ့ Complaint ဌာန သတ်သတ်ရှိပါတယ် အုပ်ချုပ်ရေးအဖွဲ့ ကသီးသန့်ကိုင်တွယ်ပါတယ်။ ပေးပိူ့ထားတဲ့ပစ္စည်းတွေနဲ့ပက်သတ်ပြီး customer ကတိုင်တန်းတာပဲဖြစ်ဖြစ် ၊ အဆင်မပြေလို့ပဲဖြစ်ဖြစ် ၊ လင်းယုန် ၄ ဝန်ထမ်းနှင့် ကိုယ်စားလှယ်ဆိုင်များက ဆက်ဆံ ရေးမ ပြေပြစ်လို့ပဲဖြစ်ဖြစ် email: [email protected] သို့ အ ကြောင်းကြားနိုင်ပါသည်။ (လင်းယုန် ၄ မှ သက်ဆိုင်ရာကိုင်တွယ် ဖြေရှင်းသူမှပြန်လည်ဆက်သွယ် ပေးပါမယ်။